သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် အိမ်မဲမြို့၊ ခတ္တိယကျေးရွာအုပ်စု၊ ခတ္တိယကျေးရွာမှ ကျေးရွာပြည်သူလူထု(၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဖြစ်နေစဉ် ဖြစ်ပြီး လုပ်ဆောင်ရမည့်အချက်များအား အသိပညာပေးခြင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံပြုပုံ/အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဝေဌခြင်းနှင့် ဘေး (၉) မျိုးပါ ပိုစတာ ဝေဌပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:            မြောင်းမြခရိုင်ဦးစီးးမှူးရုံး (ကဆရ)

Sign Up

Upcoming Events