နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

nansan 01 picကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၈၀) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအတွက် တန်ဖိုးငွေ (၆၅၀,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၆၀,၀၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀ိ/)ကျပ်၊ စုစုပေါင်း (၈,၀၆၀,၄၀၀ိ/-) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆွေနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းများပြုလုပ်ခဲ့ပါသည်။ နမ်းစန်တပ်နယ်မှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ဒေသခံအဖွဲ့အစည်းများနှင့် အဆိုတော်ချမ်းချမ်းတို့မှလည်း သွပ်အချပ်ရေ (၂၀၀၀) ကျော်အား ၀ိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events