(၄-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) သိန်းကျပ်၊ အမိုးလန်ခဲ့သည့် နေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ သာသနာ့အဆောက်အဦ (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၂၄၀) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၅၀၄၀၀၀) ကျပ် စုစုပေါင်း (၂၇၅၄၀၀၀) ကျပ်တို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများမှတဆင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)