Category Archives: News
-
လပွတ္တာမြို့နယ်၊ ပိတောက်ကုန်းကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေရာတွင် ပါဝင်ဆောင်ရွက်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ (၆-၅-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော လပွတ္တာမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ အိမ်ခြေ (၄၂) လုံး အိမ်ထောင်စု (၈၅) စုမှ လူဦးရေ (၃၀၀) ဦးခန့်အတွင် သောက်သုံးရေဂါလံ (၈၀၀) ထောက်ပ့ံလှူဒါန်းမှုတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့ သံပုရာကုန်းကျေးရွာ၌ ရေဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
(၆-၅-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ တပ်ကုန်းမြို့ သံပုရာကုန်းကျေးရွာ၌ ရေဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဂွေးပင်ကုန်းကျေးရွာ၊ အုံးပေါက်ကျေးရွာနှင့် ဆယ်ပင်ကျွန်းကျေးရွာများမှ လေဘေးသင့်ပြည်သုူများအတွက် ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဂွေးပင်ကုန်းကျေးရွာ၌ အမိုးလန်ခဲ့သည့် အိမ်ခြေ (၃၈) လုံး၊ ပြိုကျအိမ်ခြေ (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၅၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၂) အိမ်ထောင်စာကို လည်းကောင်း၊ အုံးပေါက်ကျေးရွာမှ အမိုးလန်ခဲ့သည့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ်တွင် (၅-၅-၂၀၁၇)ရက်နေ့ ၌ ဖြစ်ပွားသော လေဘေးအတွက် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊ အိမ်ထောင်စု (၇၅) စုစာကို (၆-၅-၂၀၁၇)ရက်နေ့တွင် အင်းတော်မြို့နယ် အထွေထွေဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြစ်သားမြို့နယ်လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်သားမြို့နယ်အတွင်း (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် လေဘေးသင့် လူဦးရေ (၇၇၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၆၂၃၃၀၀) နှင့် ပြိုကျအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆) သိန်းနှင့် Hygiene kit (၁၆) စုံ၊ အမိုးလန်အိမ်ခြေ (၁၈၈) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၈၀၀၀၀၀) ကျပ်၊ စုစုပေါင်းငွေသားထောက်ပ့ံမှု (၇၀၂၃၃၀၀) ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဗန်းမောက််မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံံ့မှုသတင်း
ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဗန်းမောက််မြို့နယ်အတွင်း (၅-၅-၂၀၁၇) ရက်နေ့ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂၀) အိမ်ထောင်စာကို (၆-၅-၂၀၁၇) နေ့တွင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံချောင်းကျေးရွာအုပ်စုများမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံချောင်း ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဝါးအိမ် (၂) လုံး လုံးဝပျက်စီးခဲ့ပြီး၊ ဝါးအိမ် (၁) လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ရာ လုံးဝပျက်စီးအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလတ်စတစ်ပုံးပါ) ကိုလည်းကောင်း၊ တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ လူဦးရေ (၁၀) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၂၁၀၀၀) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့် ဟင်္သာတခရိုင် ကယ်ဆယ်ရေးရုံးမှ … Read more
-
ဟင်္သာတမြို့နယ်၊ ကညင်ငူအုပ်စု၊ မဲဇလီကွင်းကျေးရွာနှင့် အုတ်ပုံကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကညင်ငူအုပ်စု၊ မဲဇလီကွင်းကျေးရွာ နှင့် အုတ်ပုံကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံးမှာ တစိတ်တပိုင်း ပျက်စီးခဲ့ပြီး (၁) လုံးမှာ အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၇၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၇၃၀၀) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် … Read more
-
ဒီပဲယင်းမြို့နယ်၊ အေးသာယာကျေးရွာနှင့် မကျီဇောက်ကျေးရွာတို့၌ (၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဒီပဲယင်းမြို့နယ်အတွင်း (၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အေးသာယာကျေးရွာမှ အိမ်ခြေ (၅၃) အိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပ့ံသော ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၅၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၁၀၀၀၀) ကျပ်နှင့် မကျီးဇောက်ကျေးရွာမှ ဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ် စုစုပေါင်းထောက်ပ့ံသည့်ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၅၄) အိမ်ထောင်စာနှင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၆၀၀၀၀) … Read more
-
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မုတ်သုံအကြိုကာလ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များဖြန့်ဝေမှုသတင်း
(၆-၅-၂၀၁၇) ရက်နေ့ (စနေနေ့) တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မုတ်သုံအကြိုကာလ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များအား ဒေသခံပြည်သူများထံသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









