လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံချောင်းကျေးရွာအုပ်စုများမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

6_pic04
(၅-၅-၂၀၁၇) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံချောင်း ကျေးရွာအုပ်စုတို့၌  လေပြင်းတိုက်ခတ်မှုကြောင့် ဝါးအိမ် (၂) လုံး လုံးဝပျက်စီးခဲ့ပြီး၊ ဝါးအိမ် (၁) လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ရာ လုံးဝပျက်စီးအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလတ်စတစ်ပုံးပါ) ကိုလည်းကောင်း၊ တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ လူဦးရေ (၁၀) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၂၁၀၀၀) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့် ဟင်္သာတခရိုင် ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ  ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း၍ ပေးအပ်ထောက်ပံခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events