ဒီပဲယင်းမြို့နယ်၊ အေးသာယာကျေးရွာနှင့် မကျီဇောက်ကျေးရွာတို့၌ (၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

6_pic01 6_pic02
ဒီပဲယင်းမြို့နယ်အတွင်း (၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အေးသာယာကျေးရွာမှ အိမ်ခြေ (၅၃) အိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပ့ံသော ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၅၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၁၀၀၀၀) ကျပ်နှင့်  မကျီးဇောက်ကျေးရွာမှ ဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ် စုစုပေါင်းထောက်ပ့ံသည့်ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၅၄) အိမ်ထောင်စာနှင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၆၀၀၀၀) ကျပ်တို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ လွွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက (၆-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပြီးဖြစ်ကြောင်း သိရှိရပါသည်။

Source: စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events