ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဂွေးပင်ကုန်းကျေးရွာ၊ အုံးပေါက်ကျေးရွာနှင့် ဆယ်ပင်ကျွန်းကျေးရွာများမှ လေဘေးသင့်ပြည်သုူများအတွက် ထောက်ပံ့မှုသတင်း

6_pic03

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဂွေးပင်ကုန်းကျေးရွာ၌ အမိုးလန်ခဲ့သည့် အိမ်ခြေ (၃၈) လုံး၊ ပြိုကျအိမ်ခြေ (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၅၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၂) အိမ်ထောင်စာကို လည်းကောင်း၊ အုံးပေါက်ကျေးရွာမှ အမိုးလန်ခဲ့သည့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာကိုလည်းကောင်း၊ ဆယ်ပင်ကျွန်းကျေးရွာမှ အမိုးလန်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာတို့အား (၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events