ဟင်္သာတမြို့နယ်၊ ကညင်ငူအုပ်စု၊ မဲဇလီကွင်းကျေးရွာနှင့် အုတ်ပုံကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

6_pic03

(၅-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကညင်ငူအုပ်စု၊ မဲဇလီကွင်းကျေးရွာ နှင့် အုတ်ပုံကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံးမှာ တစိတ်တပိုင်း ပျက်စီးခဲ့ပြီး (၁) လုံးမှာ အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၇၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၇၃၀၀) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့် ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှ်ိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း၍ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events