
မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်သားမြို့နယ်အတွင်း (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် လေဘေးသင့် လူဦးရေ (၇၇၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၆၂၃၃၀၀) နှင့် ပြိုကျအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆) သိန်းနှင့် Hygiene kit (၁၆) စုံ၊ အမိုးလန်အိမ်ခြေ (၁၈၈) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၈၀၀၀၀၀) ကျပ်၊ စုစုပေါင်းငွေသားထောက်ပ့ံမှု (၇၀၂၃၃၀၀) ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈၈) အိမ်ထောင်စုစာတို့ကို (၆-၅-၂၀၁၇) ရက်နေ့တွင် ဘေးဖြစ်ပွားရာကျေးရွာများအရောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းကွင်းဆင်းထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလေပြင်းဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ငွေ (၃) သိန်းနှင့် ဒဏ်ရာရခဲ့သူ (၂) ဦးအတွက် (၁) သိန်း (၁ ဦးလျှင် ၅၀၀၀၀ နှုန်း) တို့ကို (၁-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပ့ံပြီးဖြစ်ပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)