Category Archives: News
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ (၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁) လုံးမှ အိမ်ထောင် စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် လေဘေး သင့်ပြည်သူ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀၅၀၀/-) တို့အား အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၈-၅-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်(ရွာကြီး) ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် နတ်မောက်မြို့နယ် ပိတောက်ငုတ်(ရွာကြီး) ကျေးရွာ အိမ်ခြေ (၃၂၀) အိမ်ထောင်စု(၃၃၀) လူဦးရေ (၁၃၀၀) ဦးအတွက် ရေဂါလံ(၁၁၈၀၀) အား သောက်သုံးရေများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၃) နယ်မြေ၊ စံပြရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၃) နယ်မြေ၊ စံပြရပ်ကွက်၌ (၈-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သစ်သားနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ(၂၉၄၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၄၂၉၄၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kit (၂) ပုံးတို့အား (၈-၅-၂၀၁၇) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitoring and Evaluation Team ကွင်းဆင်းဆောင်ရွက်မှုသတင်း
၇-၅-၂၀၁၇၊ နေပြည်တော် လူတိုင်းအခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ရေးအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ် များဖြင့် ဆောင်ရွက်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုစနစ်များဖြင့် သဘာဝဘေးဒဏ်များကိုရင်ဆိုင်တုံ့ပြန်၊ ကြံ့ကြံ့ခိုင်နိုင်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေးမူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Monitoring and Evaluation Team အဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Mercy Crop & AVSI, World Education အဖွဲ့များ၏ ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာလူထုအဖွဲ့အစည်းများ အား … Read more
-
လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၅-၂၀၁၇) ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စုနှင့် ဝါးရုံချောင်းအုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံးပြိုလဲပျက်စီး၍ ၁ လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ရာ အဆိုပါနေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀ ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် ၈.၅.၂၀၁၇ နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မုတ်သုံအကြိုကာလ ရပ်ရွာလူထုအခြပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မုတ်သုံအကြိုကာလ ရပ်ရွာလူထုအခြပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ယင်းသင်တန်းတွင် သင်တန်းသား အင်အား (၃၂) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်မျှကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဒီပဲယင်းမြို့နယ်၊ တက်ခေါင်းကျေးရွာ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် တက်ခေါင်းကျေးရွာ၌ ဖြစ်ပွားသော လေဘေးကြောင့် အိမ်ခြေ (၃၆) အိမ်နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် family kits (၃၆) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၃၀၀၀၀/-) အား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့်အတူ (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဒီပဲယင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၅-၂၀၁၇) ရက်နေ့၌ ဒီပဲယင်းမြို့နယ် တောက္ကရှပ်ကျေးရွာတွင် ဖြစ်ပွားသော လေဘေးကြောင့် အိမ်ခြေ (၁၈) လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းအတွက် family kits ၁၈ စုံ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပ့ံငွေ ၅၉၀၀၀၀ အား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးရွှေကျားရခိုင် ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံဖွင့်လှစ်မှုသတင်း
၇-၅-၂၀၁၇၊ စစ်တွေ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရကမတည်ငွေနှင့် ဒေသတွင်းပြန်လည် နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုတို့ဖြင့် ဒေသခံအိမ်တွင်း လက်မှုလုပ်ငန်း ငယ်ပိုင်ရှင်တစ်ဦး၏ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံတိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုပ်ရုံတည်ရှိရာစစ်တွေမြို့၊ ကျားမသောက်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန်ယူခဲ့သည်မှာ တစ်နှစ် ကာလရှိခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အားလုံးအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက် လျက်ရှိရာဖွံ့ဖြိုးမှုနည်းသော ပြည်နယ်တစ်ခုဖြစ်သည့် … Read more
-
မတ္တရာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့၌ မတ္တရာမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၁၀၉) ဦးဘေးဒဏ်ခံစားခဲ့ရပါသည်။ အဆိုပါလေဘေးကြောင့် ပြိုလဲနေအိမ် ( ၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းကျပ် ၊ အမိုးလန်အိမ်ခြေ (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းကျပ်၊ လူဦးရေ (၁၀၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၈,၉၀၀ ) ကျပ်၊ ကယ်ဆယ်ပစ္စည်း (၉) မျိုး ၊ အိမ်ထောင်စု … Read more









