လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitoring and Evaluation Team ကွင်းဆင်းဆောင်ရွက်မှုသတင်း

08_Pic_02 08_Pic_03

၇-၅-၂၀၁၇၊ နေပြည်တော်

လူတိုင်းအခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ရေးအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ် များဖြင့် ဆောင်ရွက်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုစနစ်များဖြင့် သဘာဝဘေးဒဏ်များကိုရင်ဆိုင်တုံ့ပြန်၊ ကြံ့ကြံ့ခိုင်နိုင်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေးမူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Monitoring and Evaluation Team အဖွဲ့သည်  မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Mercy Crop & AVSI, World Education အဖွဲ့များ၏ ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာလူထုအဖွဲ့အစည်းများ အား ဖွံ့ဖြိုးမှုအကူအညီပေးခြင်း၊ စွမ်းဆောင် ရည်မြှင့်တင်ခြင်း အစရှိသည့် လုပ်ငန်းများကိုပိုမိုထိရောက်စေရေး၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် နိုင်ရေးအတွက် မေလ (၅) ရက်နေ့နှင့် (၇) ရက်နေ့အထိလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ မိုင်းလုံရပ်၊ ချိကယ်ရပ်၊ နာနတ်တော၊ ဒေါတရိုးရွာသစ်၊ ရှမ်းရွာ၊ လောပိတနှင့် Mercy Crops၊ World Education နှင့်AVSI ရုံးများသို့လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါးကျေးရွာ၊ မြလဲကျေးရွာ၊ ဆော်ပထန်းကျေးရွာနှင့် မောဒူကလားမေးဘော်ဒါကျောင်း၊ မိုးဇက် ဆိုင်ကယ်ပြုပြင်ရေးနှင့် ဖရူဆိုမြို့နယ်အတွင်းရှိထီးတော်ခူးကျေးရွာများ သို့သွားရောက်ပြီးအဖွဲ့အစည်းများမှ သင်တန်းပို့ချပေးနေမှုများနှင့်ဒေသဖွံ့ဖြိုးရေး အတွက် ကူညီထောက်ပံ့မှုများပြုလုပ်ထားသည့် ရပ်ရွာ လူထုနှင့်တွေ့ဆုံ ကာဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီပေးရေးဝန်ဆောင်မှု များသည် ဒေသခံပြည်သူ များလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် အကြံပြုလိုသည်များအားလည်းကောင်း၊ မိတ်ဖက်အဖွဲ့အစည်းများမှ စီမံချက်တာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရေရည်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံကိစ္စများနှင့် အသစ်တိုးချဲ့ဆောင်ရွက်လို သည်များကို ကွင်းဆင်းဆောင်ရွက်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန Monitoring and Evaluation Team အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသည့် INGO အဖွဲ့အစည်းများနှင့်ပေါင်းစပ် ညှိနှိုင်း အစည်းအဝေး (Coordination Meeting) ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်ကြပြီး ကွင်းဆင်းဆောင်ရွက်မှုအတွေ့အကြုံများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

Sign Up

Upcoming Events