ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၃) နယ်မြေ၊ စံပြရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

08_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၃) နယ်မြေ၊  စံပြရပ်ကွက်၌ (၈-၅-၂၀၁၇) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သစ်သားနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၄) ဦးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ(၂၉၄၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၄၂၉၄၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kit (၂) ပုံးတို့အား (၈-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊  လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း၍ မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events