လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၅-၂၀၁၇) ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စုနှင့် ဝါးရုံချောင်းအုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံးပြိုလဲပျက်စီး၍ ၁ လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ရာ အဆိုပါနေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀ ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် ၈.၅.၂၀၁၇ နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events