ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရကမတည်ငွေနှင့် ဒေသတွင်းပြန်လည် နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုတို့ဖြင့် ဒေသခံအိမ်တွင်း လက်မှုလုပ်ငန်း ငယ်ပိုင်ရှင်တစ်ဦး၏ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံတိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုပ်ရုံတည်ရှိရာစစ်တွေမြို့၊ ကျားမသောက်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန်ယူခဲ့သည်မှာ တစ်နှစ် ကာလရှိခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အားလုံးအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက် လျက်ရှိရာဖွံ့ဖြိုးမှုနည်းသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံသည် တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး မိမိိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေး ကိုဖော်ဆောင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ယှဉ်တွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ် သည့် ရက္ကန်းထည်လုပ်ငန်းသည် ရခု်ိင်ပြည်သူများ၏ ပူးပေါင်းပါ ဝင်ဆောင်ရွက်မှုကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ ယခုရိုးရာရက္ကန်းစင် (၁၀၀) ထူထောင်နိုင်ခြင်းကြောင့် ရခိုင်ဒေသခံလူငယ်များ (၁၀၀) ခန့် အလုပ်အကိုင်ရရှိမည်ဖြစ်၍ ရခိုင်ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်း မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့အသေးစားနှင့် အလတ်စား လုပ်ငန်းများပိုမိုလုပ်ကိုင်လာနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ အစိုးရနေဖြင့်လည်းကူညီပံ့ပိုးဆောင်ရွက်ပေးလိုကြောင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံပိုင်ရှင်တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်လုပ်ငန်းရှင်တို့သည် အလုပ်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အလုပ်ရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့၊ မင်းကန်ချောင်းနွယ်ကျေးရွာသို့သွားရောက်၍ ကျေးရွာသူ/ကျေးရွာ သား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များဖြစ်သည့် ကျေးရွာရှိလမ်း၊ တံတားများ ကောင်းမွန် ရေး၊ သာမန်အချိန်တွင် စာသင်ကျောင်းအဖြစ် အသုံးပြုပြီး သဘာဝဘေးကျရောက်ချိန်တွင် ခိုလှုံရာအဆောက်အဦးအဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံးအဆောက်အဦ ဆောက်လုပ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ သဘာဝဘေးကြိုတင် ကာကွယ်ရေးအတွက် ဘေးကျရောက်ပါကအရေးပေါ် အသုံးပြုရန် လိုအပ်သောပစ္စည်းများဖြည့်ဆည်းပေးရေးကိစ္စရပ်များကိုဆွေးနွေးစီမံဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိကလေးများအား စားစရာနှင့်ကစားစရာများပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR