(၅-၅-၂၀၁၇) ရက်နေ့၌ မတ္တရာမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၁၀၉) ဦးဘေးဒဏ်ခံစားခဲ့ရပါသည်။ အဆိုပါလေဘေးကြောင့် ပြိုလဲနေအိမ် ( ၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းကျပ် ၊ အမိုးလန်အိမ်ခြေ (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းကျပ်၊ လူဦးရေ (၁၀၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၈,၉၀၀ ) ကျပ်၊ ကယ်ဆယ်ပစ္စည်း (၉) မျိုး ၊ အိမ်ထောင်စု (၂) စုစာ ကယ်ဆယ်ပစ္စည်း (၄) မျိုး၊ အိမ်ထောင်စု (၂၀) စာ Hygiene Kit (၂) စုံ၊ သေဆုံးသူ ဦးအောင်ဆန်း(အသက် (၆၃) နှစ်) အတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်တို့ကို (၇-၅-၂၀၁၇) ရက်နေ့ တွင် မန္တလေးတိုင်းဒေသ ကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူပူးပေါင်းလျက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)