Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ဆားကျင်းကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၄) လုံးနှင့် လူဦးရေ (၅၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၁,၇၉၇,၄၀၀)ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့နယ်၊လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး နေပြည်တော် မှတာဝန်ရှိသူများသည်မေလ(၁ဝ)ရက်နေ့တွင်တပ်ကုန်းမြို့နယ်နွယ်ရစ်အုပ်စုဇရပ်င်္ကြးကုန်းကျေးရွာနှင့်ရွှေမြို့အုပ်စုပင်းစုကျေးရွာတို့တွင်မေလ၉ရက်နေ့လေဘေးဖြစ်ပွားခဲ့ခြင်းအတွက်သစ်ပင်ပိပြိုလဲတစ်အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း၁၆မျိုးအိမ်ဆောက်ပစ္စည်းဖိုးငွေနှစ်သိန်းကျပ်။ဆန်ဖိုးငွေ၁၀၅ဝဝကျပ်။အမိုးလန်သုံးအိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း၁ဝမျိုးသုံးအိမ်ထောင်စုစာဆန်ဖိုးငွေ၂၃၁ဝဝကျပ်အိမ်ဆောက်ပစ္စည်းတစ်အိမ်လျှင်ဆုံးရှုံးမှူစာရင်းအရ ၅ဝဝဝဝကျပ်နှုန္းဖြင့်၁၅ဝဝဝဝကျပ် စုစုပေါင်း ၃၈၃၆၀၀ ကျပ် ကိုကွင်းဆင်းထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ နဂါးကိုးကောင်ကုမ္ပဏီလုပ်ကွက်၌ (၂.၅.၁၇)ရက်နေ့(၁၆:၄၅)၌ဖြစ်ပွား ခဲ့သောမြေစာကျောက်ခဲ(မောက်လုံး)ပြိုကျမှုကြောင့်မြေစာထိမှန်သေဆုံးသူ ဦးဇော်ဝင်းထွန်းနှင့်ဦးဇော်မြတ်တို့ နှစ်ဦးအတွက်တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၂)ဦးအတွက်သေဆုံးထောက်ပံ့ငွေ(၆) သိန်း ဖားကန့်/ ဆိပ်မူ ကျွေးရွာ/ ကောင်ဆန်ကျွေးရွာစိန်လုံတောင်တန်းကုမ္ပဏီလုပ်ကွက်၌(၆.၅.၁၇)ရက်နေ့ ၃း၁၅ချိန်၌ဖြစ်ပွားခဲ့သော အမြင့်ပေ(၂၀၀)ခန့်မှ ကျောက်ကျောမြေစာပြိုကျမှုကြောင့် မြေစာပိ၍ သေဆုံးသူဦးသက်နိုင်ဝင်း နှင့်ဦးစိုင်း ဝမ်းလင်းတို့ နစ်ဦးအတွက် သေဆုံးထောက်ပ့ံငွေ၆သိန်း ဖားကန့်lမြို့မရပ်ကွက်တွင်(၇.၅.၁၇) ရက်၂၂:၅၀ ချိန်ဖြစ်ပွားခဲသောမီးလောင်မှုကြောင့် ဘေးသင့်အိမ်ခြေ၁၅လုံးနှင့်အိမ်ထောင်(၃၈)စု လူဦးရေ(၁၁၃)တို့အတွက် ထောက်ပံ့ပစ္စည်း (၁၀)မျိုး(၃၆)အိမ်ထောင်စာ၊(၄)မျိုး(၂)အိမ်ထောင်စာ၊ဆန်ရိက္ခာဖိုး(၁၁၃)ဦးအတွက် (၇)ရက် စာ (၂၃၇၃၀၀ိ/-)၊အိမ်ဆောက် ပစ္စည်းဖိုးလုံးဝလောင်ကျွမ်းအိမ်ခြေ(၁၃) လုံးအတွက်တစ်လုံးလျှင် (၂)သိန်း နှုန်းဖြင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်ကျေးရွာအုပ်စု၊ ပြင်ဖြူမော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၃:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြာချက် ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး ယောလမ်းနှင့် ဂုံးလမ်းမီးပွိုင့်လမ်းဆုံတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းဆိုင်း ဘုတ်စိုက်ထူပြီးဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ် ထွေအုပ်ဦးစီးဌာနသို့ သွားရောက်ကာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန်အတွက် အဆိုပါပန်ကြားချက် လက်ကမ်းစားစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ ပန်ကြားချက် ဆိုင်းဘုတ်စိုက်ထူမှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ မိုးညိုမြို့၊ မြို့နယ်စျေးထိပ်နှငျ့ သာယာဝတီမြို့့၊ လမ်းမကြီးတွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ စပ်လျဉ်း၍ ပြည်သူများသို် ပန်ကြားချက် ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရုင်ဦးစီးမှူးရုံး (ကဆရ)
-
လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပြည်သူ့အကျိုးကိုပိုမိုထိရောက်စွာဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား
နေပြည်တော်၊ ၉-၅-၂၀၁၇ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီး ဌာနများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာ နလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းရပ်များပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကိုယနေ့မွန်း လွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် များစွာဆက်စပ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန … Read more
-
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ညှိနှိုင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungovenမ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ှ ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံမှု သတင်း
(၉-၅-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO) မှ ညှိနှိုင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungoven က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အရွယ်ထိ လစဉ်ငွေကြေးထောက်ပံ့မှုအစီအစဉ်များ၊ သက်ကြီးရွယ်အိုလူမှုရေးပင်စင် ထောက်ပံ့မည့်အစီအစဉ်များ၊ လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်သွက်လက်စေရေးအတွက် … Read more
-
လပွတ္တာမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်သည့် ခရိုင်အဆင့် ပထမတန်း သင်ရိုးညွှန်းတမ်းသစ် သင်တန်းသို့ တက်ရောက်လျက်ရှိသော လပွတ္တာခရိုင်အတွင်းရှိ ကျေးရွာများမှ ဆရာ/ဆရာမ (၁၃၃) ဦးခန့်ကို သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာ၊ DAN Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင် အထည်ဖော်မှု ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးပွဲကျင်းပမှုသတင်း
၉-၅-၂၀၁၇၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါ သည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ထို့ အပြင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် … Read more









