နေပြည်တော်၊ ၉-၅-၂၀၁၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီး ဌာနများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာ နလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းရပ်များပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကိုယနေ့မွန်း လွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် များစွာဆက်စပ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန ချင်းပူးပေါင်းဆောင်ရွက်ပါက ပြည်သူများအတွက် ပိုမိုအကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးစီမံ ချက်၊ အသက်မွေးဝမ်းကြောင်းစီမံချက်များတွင် ပူးပေါင်းဆောင််ရွက်နိုင်မည့် ဧရိယာများ သက်မှတ်ဖော် ထုတ်နိုင်ရေးရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသော ဝန်ကြီးဌာန(၂)ခုမှ တာဝန်ရှိသူများကဆွေးနွေးကြရာ ကျေးလက်ရေရရှိရေးနှင့် သောက်သုံးရေးသန့်ရရှိရေး၊ ကျေးလက်အိမ်ယာများ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကြောင်းနှင့်စွမ်းဆောင်ရည်မြှင့်သင်တန်းများဖွင့်လှစ်ရေး၊သဘာဝဘေးလျော့ပါးရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ မြို့နယ် ကျေးရွာများမှဝန်ထမ်းအင်အားအကူအညီရရှိနိုင်ရေးစသည့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြကြောင်းသတင်းရရှိပါသည်။