ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့မှုသတင်း

Moenyin10-pic02
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ နဂါးကိုးကောင်ကုမ္ပဏီလုပ်ကွက်၌ (၂.၅.၁၇)ရက်နေ့(၁၆:၄၅)၌ဖြစ်ပွား ခဲ့သောမြေစာကျောက်ခဲ(မောက်လုံး)ပြိုကျမှုကြောင့်မြေစာထိမှန်သေဆုံးသူ ဦးဇော်ဝင်းထွန်းနှင့်ဦးဇော်မြတ်တို့ နှစ်ဦးအတွက်တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၂)ဦးအတွက်သေဆုံးထောက်ပံ့ငွေ(၆) သိန်း ဖားကန့်/ ဆိပ်မူ ကျွေးရွာ/ ကောင်ဆန်ကျွေးရွာစိန်လုံတောင်တန်းကုမ္ပဏီလုပ်ကွက်၌(၆.၅.၁၇)ရက်နေ့ ၃း၁၅ချိန်၌ဖြစ်ပွားခဲ့သော အမြင့်ပေ(၂၀၀)ခန့်မှ ကျောက်ကျောမြေစာပြိုကျမှုကြောင့် မြေစာပိ၍ သေဆုံးသူဦးသက်နိုင်ဝင်း နှင့်ဦးစိုင်း ဝမ်းလင်းတို့ နစ်ဦးအတွက် သေဆုံးထောက်ပ့ံငွေ၆သိန်း ဖားကန့်lမြို့မရပ်ကွက်တွင်(၇.၅.၁၇) ရက်၂၂:၅၀ ချိန်ဖြစ်ပွားခဲသောမီးလောင်မှုကြောင့် ဘေးသင့်အိမ်ခြေ၁၅လုံးနှင့်အိမ်ထောင်(၃၈)စု လူဦးရေ(၁၁၃)တို့အတွက် ထောက်ပံ့ပစ္စည်း (၁၀)မျိုး(၃၆)အိမ်ထောင်စာ၊(၄)မျိုး(၂)အိမ်ထောင်စာ၊ဆန်ရိက္ခာဖိုး(၁၁၃)ဦးအတွက် (၇)ရက် စာ (၂၃၇၃၀၀ိ/-)၊အိမ်ဆောက် ပစ္စည်းဖိုးလုံးဝလောင်ကျွမ်းအိမ်ခြေ(၁၃) လုံးအတွက်တစ်လုံးလျှင် (၂)သိန်း နှုန်းဖြင့် (၂၆)သိန်း၊တဝက်ပျက်စီးအိမ်ခြေ(၂)လုံး အတွက်(၁)သိန်းနှုန်းဖြင့်(၂)သိန်း၊စုစုပေါင်း ထောက်ပံ့ငွေ (၃၀၃၇၃၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ(၄၂၃၇၃၀၀ိ/-)အား (၉-၅-၁၇)ရက်နေ့တွင်ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events