ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်ကျေးရွာအုပ်စု၊ ပြင်ဖြူမော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၃:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)