ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး ယောလမ်းနှင့် ဂုံးလမ်းမီးပွိုင့်လမ်းဆုံတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းဆိုင်း ဘုတ်စိုက်ထူပြီးဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ် ထွေအုပ်ဦးစီးဌာနသို့ သွားရောက်ကာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန်အတွက် အဆိုပါပန်ကြားချက် လက်ကမ်းစားစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)