(၉-၅-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO) မှ ညှိနှိုင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungoven က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အရွယ်ထိ လစဉ်ငွေကြေးထောက်ပံ့မှုအစီအစဉ်များ၊ သက်ကြီးရွယ်အိုလူမှုရေးပင်စင် ထောက်ပံ့မည့်အစီအစဉ်များ၊ လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်သွက်လက်စေရေးအတွက် လူမှုရေး ဖြစ်ရပ်စီမံခန့်ခွဲ့မှုစနစ်ထူထောင်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး ဥပဒေရေးဆွဲနေမှုအခြေအနေများ၊ ILO က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်ပူပေါင်ဆောင်ရွက်၍ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် လုံခြုံရေးနှင့်ကျန်းမာရေးအာမခံဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ ILO ၏နိုင်ငံဆိုင်ရာ ၅ နှစ် အစီအစဉ်ကို နိုင်ငံ၏ဦးစားပေးလုပ်ငန်းများနှင့်ကိုက်ညီအောင်ရေးဆွဲ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် မသန်စွမ်းသူများအခွင့်အရေးနည်းဥပဒေအရ မသန်စွမ်းသူများအားအလုပ်အကိုင် အခွင့်အရေးဖန်တီးပေးရေးကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အလုပ်သမားသမဂ္ဂ အဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အသေးစိတ်ဆက်လက်ဆွေးနွေးသွားရေးတို့ကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။