Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ကဇန်းချောင်းကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀၀,၀၀၀) ကျပ်၊ အမိုးလန် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ၌ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သံကလောင်ကျေးရွာနေပြည်သူလူထု (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၈) ရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့့် ပြိုလဲအိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁၄)အိမ်ထောင်စာ ပြိုလဲဘုန်းကြီးကျောင်း (၂) ကျောင်း၊ အမိုးလန် ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့် အမိုးလန်အိမ်ခြေ (၁၀၄) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၉,၈၅၂,၆၀၀)ကျပ်တို့အား ဘေးသင့်ဒေသများနှင့် သဲကုန်းမြို့နယ်ထွေ/အုပ်ခန်းမတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၄-၅-၂၀၁၇) ရက်နေ့ (၁၃းဝ၀)နာရီမှ (၁၄း၄၅)နာရီထိ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာဘုန်းတော်ကြီးကျောင်း ၌ ကျေးရွာသူ/သား (၂၀၀)အား မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်ပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့သတင်းရရှိသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
“သဘာဝဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများအားပြည်သူသို့တင်ပြချက်”
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက်ပိုမို ထိရောက်စွာ ကူညီထောက်ပံ့ပေးနေမှုအား ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အောက်ပါအတိုင်းတိုးမြှင့်ထောက်ပံ့မည်ဖြစ်ပါသည်
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင်းလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသညပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်း ကျေးရွာအုပ်စု၊ မဲဇလီ ကျေးရွာတွင် (၉-၅-၂၀၁၇) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့်် အမိုးလန် နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စုစာ၊ လူဦးရေ(၁၀)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၁၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်း ဖိုး (၄၀၀၀၀ိ/-)၊ အမိုး လန်ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ (၁) လုံးအတွက် လှူဒါန်းငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၆၁၀၀၀ိ/-)အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် … Read more
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Help Age International အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရပ်ကွက် (၁) နှင့် (၂) ၌ သဘာဝဘေးကြောင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် မုန်တိုင်းသဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်းတွင် ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သာများမှ တက်ရောက်ခဲ့ကြပြီး အင်အားစုစုပေါင်း (၁၀၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊Monitoring and Evaluation Team အဖွဲနှင့် AVSI ၊ Oxfam၊ ၊ LWF ၊ AAR Japan အဖွဲ့အစည်းများပြန်အလှန်ညှိနှိုင်း ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitoring & Evaluation အဖွဲ့သည် ၁၃-၅-၂၀၁ရရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အတတ်သင်သိပ္ပံကျောင်း၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်း တိုးလက်မှတ်ရေးထိုးရန်ဆောင်ရွက်လျက်ရှိသည့် AVSI ၊ Oxfam၊ ၊ LWF ၊ AAR Japan အဖွဲ့အစည်း များနှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာ မှုမှတွေ့ရှိ ချက်များ၊ စီမံကိန်းကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ဒေသခံတို့၏ စီမံကိန်းအပေါ်ထားရှိ သည့် သဘောထားအမြင်၊ ရှေ့လုပ်ငန်းစဉ်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် မူဝါ ဒပိုင်း/ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာများ၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၈) ပုံး၊ အမိုးလန်နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၀၈) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၂၂၆,၈၀၀) အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် ပညာရေးမှူးရုံး၊ SDC ၊ UNICEF အဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၅၇) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းတွင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်အကြောင်းအရာများအား ရှင်းလင်းပို့ချဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









