ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၈) ပုံး၊ အမိုးလန်နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၀၈) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၂၂၆,၈၀၀) အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)