မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

Aye 14 Pic 03

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Help Age International အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရပ်ကွက် (၁) နှင့် (၂) ၌ သဘာဝဘေးကြောင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် မုန်တိုင်းသဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်းတွင် ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သာများမှ တက်ရောက်ခဲ့ကြပြီး အင်အားစုစုပေါင်း (၁၀၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events