လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၈) ရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့့် ပြိုလဲအိမ်ခြေ (၁၄) လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁၄)အိမ်ထောင်စာ ပြိုလဲဘုန်းကြီးကျောင်း (၂) ကျောင်း၊ အမိုးလန် ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့်  အမိုးလန်အိမ်ခြေ (၁၀၄) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၉,၈၅၂,၆၀၀)ကျပ်တို့အား ဘေးသင့်ဒေသများနှင့် သဲကုန်းမြို့နယ်ထွေ/အုပ်ခန်းမတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဘေးသင့်ပြည်သူများနှင့် မိခင်ကလေး အမျိုးသမီးရေးရာတို့မှ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events