
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသညပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်း ကျေးရွာအုပ်စု၊ မဲဇလီ ကျေးရွာတွင် (၉-၅-၂၀၁၇) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့်် အမိုးလန် နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စုစာ၊ လူဦးရေ(၁၀)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၁၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်း ဖိုး (၄၀၀၀၀ိ/-)၊ အမိုး လန်ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ (၁) လုံးအတွက် လှူဒါန်းငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၆၁၀၀၀ိ/-)အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် လေဘေးသင့် ပြည် သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)