Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာအုပ်စု(၈)စု ကျေးရွာ(၉)ရွာတွင် (၂၀-၅-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စာ (၁)ပုံး၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-) နှင့် အမိုးလန်အိမ်ခြေ (၂၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၄၀၆၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၁၅၀၀၀ိ/-)အား ပြည်ခရိုင်(ကယ်ဆယ်ရေး)ရုံးတာဝန်ရှိသူများမှ(၂၃-၅-၂၀၁၇) နေ့တွင် ပေါက်ခေါင်းမြို့နယ်ထွေ/အုပ်ခန်းမတွင် သွားရောက်ထောက်ပ့ံပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တောင်ကုတ်မြို့နယ်၊ ကလိုင်တောင်ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃- ၅ -၂၀၁၇) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ကလိုင်တောင်ကျေးရွာရှိ အိမ်ခြေ (၉၂) လုံး ၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (ကျား-၂၄၄) (မ-၂၃၉) စုစုပေါင်း (၄၀၈) ဦးအတွက် သောက်ရေသန့် (၂၀) လီတာဘူး၊ တစ်အိမ်ထောင်စုလျှင် (၂) ဘူးနှုန်းဖြင့် (၂၀၈) ဘူးအား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ်သူများသည် (၂၃-၅-၂၀၁၇)ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်ကျေးရွာမှ အိ်မ်ခြေ (၁၃၅) လုံး၊ လူဦးရေ (၆၇၅) ဦးအတွက် သောက်သုံးရေ ဂါလံ (၈၀၀၀)ကိုဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
(၂၀ – ၅ -၂၀၁၇) နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် ဟင်္သာတမြို့နယ်အတွင်း လက်ပံလှအုပ်စု၊ နန်းတော်ကျွန်းရွာ၊ အညာစုစိန်ပန်းကုန်းရွာ၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုလ်စုရွာ၊ ပဲကြီးကျွန်းရွာ၊ လက်ပံစုရွာ၊ ကျုံတုံအုပ်စု၊ ကျုံတုံရွာ၊ ကုလားခတ်အုပ်စုနှင့် ကုလားခတ်ရွာတို့တွင် ပြိုလဲပျက်စီးသွားသော အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အမိုးလန်အိမ်ခြေ (၃၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂ – ၅ -၂၀၁၇) နေ့ တွင်ဘေးဖြစ်သည့်နေရာများသို့သွားရောက်ကာ ဘေးသင့်ပြည်သူများထံသို့ … Read more
-
ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု/ဌာနဆိုင်ရာများသို့ အသိပေးခြင်း အခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့တွင် ရခိုင် ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ လူထု/ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနားအား (၈း၀၀) နာရီမှ (၁၅း၃၀) ထိ ကျင်းပပြုလုပ်လျက်ရှိရာ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေး မှူး၊ မြောက်ဦးခရိုင်ဦးစီးမှူး (ကဆရ)နှင့် ကုလသမဂ္ဂစေတနာ့ဝန်ထမ်းမှ တာဝန်ရှိသူအသီးသီးမှ အဖွင့်အမှာစကားပြောကြားပြီး အဆိုပါအခမ်း အနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား (၆၀) ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇)ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဗလဗကျေးရွာတွင် ပြောင်းရွှေ့အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၀၆,၃၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၂) စု အတွက် စက္ကူပုံးပါကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို (၂၂-၅-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၂၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” အား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ခရိုင် (၆) မှ ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၀၉းဝ၀) နာရီမှ ညနေ … Read more
-
မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် နောင်ချိုမြို့ မြို့နယ် ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲအား (၀၉:၀၀) နာရီမှ (၁၆:၀၀) ထိ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှရှင်းလင်း တင်ပြခြင်း၊ (ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန) ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ အဖွဲ့လိုက်ဆွေးနွေးသုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၂-၅-၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် UNDRRYV စီမံချက်အရ ဘိုကလေးမြို့နယ် အောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ဘိုကလေးမြို့နယ် အတွင်းရှိ ဘေးဖြစ်နိုင်ခြေများသည့် ကမ်းရိုးတန်းဒေသများ၌ ဘေးအန္တရာယ် များကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ သိမြင်မှု မြှင့်တင်ရေးအစီအစဉ်အရ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက်ပိုစတာ ဗွီနိုင်းစိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် နောင်ချို့မြို့၌ (၁၂’×၆’) ပေ အကျယ်နှင့် အမြင့်(၁၁) ပေရှိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက် ပိုစတာ ဗွီနိုင်းစိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှေ့တွင် (၁) ခု၊ မြို့မဈေးနှင့် စည်ပင်ရုံးအကြားတွင် (၁) ခု စုစုပေါင်း (၂) ခုစိုက်ထူခဲ့ပြီး ကျန်မြို့နယ်ပေါင်း (၂၅) မြို့နယ် တွင် အလားတူဆက်လက်စိုက်ထူသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









