ဟင်္သာတမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း

(၂၀ – ၅ -၂၀၁၇) နေ့၌ ဖြစ်ပွားသောလေဘေးကြောင့်  ဟင်္သာတမြို့နယ်အတွင်း လက်ပံလှအုပ်စု၊   နန်းတော်ကျွန်းရွာ၊ အညာစုစိန်ပန်းကုန်းရွာ၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုလ်စုရွာ၊ ပဲကြီးကျွန်းရွာ၊ လက်ပံစုရွာ၊ ကျုံတုံအုပ်စု၊ ကျုံတုံရွာ၊ ကုလားခတ်အုပ်စုနှင့် ကုလားခတ်ရွာတို့တွင် ပြိုလဲပျက်စီးသွားသော အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အမိုးလန်အိမ်ခြေ (၃၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂ – ၅ -၂၀၁၇) နေ့ တွင်ဘေးဖြစ်သည့်နေရာများသို့သွားရောက်ကာ ဘေးသင့်ပြည်သူများထံသို့ သွာရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events