(၂၂-၅-၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် UNDRRYV စီမံချက်အရ ဘိုကလေးမြို့နယ် အောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ဘိုကလေးမြို့နယ် အတွင်းရှိ ဘေးဖြစ်နိုင်ခြေများသည့် ကမ်းရိုးတန်းဒေသများ၌ ဘေးအန္တရာယ် များကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ သိမြင်မှု မြှင့်တင်ရေးအစီအစဉ်အရ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)