ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

22_pic03 22_pic04

(၂၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” အား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ခရိုင် (၆) မှ ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၀၉းဝ၀) နာရီမှ ညနေ (၁၇းဝ၀) နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events