
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာအုပ်စု(၈)စု ကျေးရွာ(၉)ရွာတွင် (၂၀-၅-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စာ (၁)ပုံး၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-) နှင့် အမိုးလန်အိမ်ခြေ (၂၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၄၀၆၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၁၅၀၀၀ိ/-)အား ပြည်ခရိုင်(ကယ်ဆယ်ရေး)ရုံးတာဝန်ရှိသူများမှ(၂၃-၅-၂၀၁၇) နေ့တွင် ပေါက်ခေါင်းမြို့နယ်ထွေ/အုပ်ခန်းမတွင် သွားရောက်ထောက်ပ့ံပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။