ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် နောင်ချို့မြို့၌ (၁၂’×၆’) ပေ အကျယ်နှင့် အမြင့်(၁၁) ပေရှိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက် ပိုစတာ ဗွီနိုင်းစိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှေ့တွင် (၁) ခု၊ မြို့မဈေးနှင့် စည်ပင်ရုံးအကြားတွင် (၁) ခု စုစုပေါင်း (၂) ခုစိုက်ထူခဲ့ပြီး ကျန်မြို့နယ်ပေါင်း (၂၅) မြို့နယ် တွင် အလားတူဆက်လက်စိုက်ထူသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)