Category Archives: News
-
လပွတ္တာခရိုင်၊ ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၄-၅-၂၀၁၇) ရက်နေ့က လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပ့ံငွေ (၃၀၀၀၀၀/-)နှင့် သတိလစ်မေ့မြော၍ ဆေးရုံတင်ထားရသူ (၂) ဦးအတွက် ထောက်ပ့ံငွေ (၁၀၀၀၀၀/-) တို့ကို သေဆုံးသူအတွက် ကြာကန်ကျေးရွာတွင်လည်းကောင်း ဒဏ်ရာရလူနာများအတွက် လပွတ္တာခရိုင်ဆေးရုံတွင်လည်းကောင်း (၂၅-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်းနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးသတိပေးချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်အတွင်း မိုင်းဖြတ်အုပ်စု၊ ဝမ်နောင်ကျေးရွာ၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇,၀၀၀) ကျပ်နှင့် ဝမ်ပုံကျေးရွာအတွင်းရှိ အမိုးနှင့် ဒိုင်းများလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးသတိပေးချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မုတ်သုန်အကြိုကာလအတွက်သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (ACF) အဖွဲ့တို့ပူးပေါင်း၍ (၂၅-၅-၂၀၁၆) ရက်နေ့တွင် မင်းပြားမြို့၊မြို့တွင်း (၄) နေရာတွင် မုတ်သုန်အကြိုကာလ အတွက် သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာ (ဘောလယ်ကျွန်း) သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာများဟောပြောပို့ချခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေ့၌ ကော့သောင်း မြို့နယ်၊ မလိဝမ်းကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ကျင်းပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားစုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်းဝေဌပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ထပ်မံရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စု (၃) စု မှ လူဦးရေ (၁၀) ဦး အတွက်ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၃) စုစာနှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၁,၀၀၀ိ/-)ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆတ်လှကျေးရွာရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေ့၌ သရက်ခရိုင်၊ သရက် မြို့နယ်၊ ဆတ်လှကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၂၅၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၅၅၂၀၀/-) ကျပ်၊ အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သရက် ခရိုင်ဦးစီးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ပုံကျေးရွာအုပ်စု၊ ဆောင်ပုံကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီး နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-) ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် လေဘေး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘီလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့သည် ယခင်နှစ်က လေပြင်းဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့၊ ပေါက်တောကျေးရွာတွင် (၂၅-၅-၂၀၁၇) ရက်နေ့ (၁ဝးဝ၀) နာရီအချိန်တွင် အဆိုပါ ကျေးရွာများမှ ပြည်သူလူထု (၂၅၀) ခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား အသိပညာများပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်း ၊ ပိုစတာများပေးအပ်ခြင်း၊ လေပြင်းကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၇) အား (၂၄ – ၅ – ၂၀၁၇) တွင် ဖွင့်လှစ်ခဲ့ရာသင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကာလမှာ (၂၄-၅-၂၀၁၇) ရက်နေ့မှ (၂၆-၃-၂၀၁၇) ရက်နေ့ ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









