သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာ (ဘောလယ်ကျွန်း) သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာများဟောပြောပို့ချခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events