သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆတ်လှကျေးရွာရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေ့၌ သရက်ခရိုင်၊ သရက် မြို့နယ်၊ ဆတ်လှကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၂၅၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၅၅၂၀၀/-) ကျပ်၊ အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သရက် ခရိုင်ဦးစီးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:      သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events