ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်အတွင်း မိုင်းဖြတ်အုပ်စု၊ ဝမ်နောင်ကျေးရွာ၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇,၀၀၀) ကျပ်နှင့် ဝမ်ပုံကျေးရွာအတွင်းရှိ အမိုးနှင့် ဒိုင်းများလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးသတိပေးချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)