ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘီလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့သည် ယခင်နှစ်က လေပြင်းဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့၊ ပေါက်တောကျေးရွာတွင် (၂၅-၅-၂၀၁၇) ရက်နေ့ (၁ဝးဝ၀) နာရီအချိန်တွင် အဆိုပါ ကျေးရွာများမှ ပြည်သူလူထု (၂၅၀) ခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား အသိပညာများပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်း ၊ ပိုစတာများပေးအပ်ခြင်း၊ လေပြင်းကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)