လပွတ္တာခရိုင်၊ ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

26_Pic_01

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၄-၅-၂၀၁၇) ရက်နေ့က လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု  ကြာကန်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံးသူ (၁) ဦးအတွက်  ထောက်ပ့ံငွေ (၃၀၀၀၀၀/-)နှင့် သတိလစ်မေ့မြော၍ ဆေးရုံတင်ထားရသူ (၂) ဦးအတွက် ထောက်ပ့ံငွေ (၁၀၀၀၀၀/-) တို့ကို သေဆုံးသူအတွက်  ကြာကန်ကျေးရွာတွင်လည်းကောင်း ဒဏ်ရာရလူနာများအတွက် လပွတ္တာခရိုင်ဆေးရုံတွင်လည်းကောင်း (၂၅-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:      လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events