Category Archives: News
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့၌ ဘိုကလေး မြို့နယ် အတွင်းရှိ ကွင်းဘုန်းကြီးကျေးရွာအုပ်စု ဗန္ဓုလကျေးရွာနှင့် ကျီစု ကျုံဖားကျေးရွာအုပ်စု ကျီစုကွင်းပေါက်ကျေးရွာများတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ဖိုးငွေ (၂၃၁၀၀/-) ကျပ်တို့အား (၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) ဆိုင်ရာ ဗြိတိန်နိုင်ငံမှ အကြံပေးအဖြစ် တာဝန်ပေးအပ်ထားသူ MS. Deborah Livingstone က လာရောက်တွေ့ဆုံမှုသတင်း
(၁-၆-၂၀၁၇) ၊ နေပြည်တော် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ် (CEDAW) ၏ အခြေခံ သဘောတရားများနှင့် ၁၉၉၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဘေဂျင်းလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) ကို ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ မဟာဗျူဟာ စီမံကိန်းရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖေါ်ဆောင်နိုင်မှု အားနည်းခဲ့ရပါသည်။ ယခုအခါတွင် အဆိုပါ မဟာဗျူဟာစီမံချက်ကို … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့၌ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီး အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၅) ပုံးနှင့် အမိုးလန်အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုးပါ (၁၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၆၀၀၀/-) ကျပ်နှင့် လေဘေးသင့်ပြည်သူ (၈၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၇၂၂၀၀/-) ကျပ်၊ စုစုပေါင်း … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ် စိုက်ထူမှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့၊ စျေး၊ ကျောင်းရှေ့ကြားနှင့် ဂေါက်ကွင်းလမ်းဆုံတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်များအား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြီးစီးခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် (၃၁-၅-၂၀၁၇) ရက်နေ့၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြောပွဲအား ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၀၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် ရေဘေးအသိပညာပေး ဗွီနိုင်း စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်း
၁။ ၂၀၁၇ ခုနှစ်၊ မေလ(၂၉)ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာ (Mora) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ်များ ပြိုလဲပျက်ဆီးခြင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် (၃၁-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊ … Read more
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာ လေဘေးထောက်ပံ့ပြီးစီးမှု
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် (၃၀.၅.၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့ရာ အိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်(၂၅)လုံး အမိုးလန်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၂၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၁,၂၅၂,၀၀၀/-)ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၅)အိမ်ထောင်စုစာတို့အား (၃၁-၅-၂၀၁၇)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ရွာအရှေ့(တဲတိုက်)၊ ဗိုလ်တဲ(တဲတိုက်)၊ ရွာအရှေ့ပိုင်းအိမ်ခြေ (၅၀၀)၊ အိမ်ထောင်စု (၅၂၀)၊ လူဦးရေ (၂၁၀၀) ဦးတို့အား သောက်သုံးရေ ဂါလံ (၆၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ၊ပေါက်တောမြို့၊ ရပ်ကွက်(၃) ၌ (၁၇-၅-၂၀၁၇) ရက် (၀၈း၃၀)နာရီတွင် မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရလူနာ(၁၆) ဦးတို့အား တစ်ဦးလျင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၈၀၀,၀၀၀) ကျပ်တို့အား (၁၈-၅-၂၀၁၇) ရက်တွင် သွားေရောက်ထောက်ပံ့ပေးပြီးဖြစ်ပါသည်။ (၂၆-၅-၂၀၁၇) ရက်နေ့ ထပ်မံရရှိသော သတင်းများအရ အဆိုပါ ဒဏ်ရာရလူနာ (၁၆) ဦးမှ (၁) ဦးမှာ သေဆုံးသွားပါသဖြင့် အဆိုပါ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၂၅၀,၀၀၀) ကျပ်အား စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ထပ်မံ … Read more









