ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့၌ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီး အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၅) ပုံးနှင့် အမိုးလန်အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုးပါ (၁၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၆၀၀၀/-) ကျပ်နှင့် လေဘေးသင့်ပြည်သူ (၈၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၇၂၂၀၀/-) ကျပ်၊ စုစုပေါင်း (၇၅၈၂၀၀/-) ကျပ်တို့အား လပွတ္တာခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ NLD အဖွဲ့ဝင်၊ မော်ကျွန်း ထွေ/အုပ်မှ တာဝန်ရှိသူများ၊ မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့များနှင့်အတူ လေးဂွကြီး ကျေးရွာ၌ (၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)