မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်း

01 Pic-01

၁။         ၂၀၁၇ ခုနှစ်၊ မေလ(၂၉)ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာ (Mora) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ်များ ပြိုလဲပျက်ဆီးခြင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် (၃၁-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊ အမှတ်(၃၆)ရဲတပ်ရင်း၊ ဆတ်ရိုးကျရပ်ကွက်၊ ဘောဒူဖနှင့် သဲချောင်းကျေးရွာရှိ  နေရပ်စွန့်ခွာနေထိုင်သူစခန်းများ၊ ရွှေပြားရပ်ကွက်၊ ကြီးတောရပ်ကွက်များရှိ လူနေအိမ်များ ပြိုလဲပျက်စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ပျက်စီးမှုစာရင်းအတိအကျရရှိပြီးေသာရပ်ကွက်များ၌ ပြည်သူများထံသို့ တိုက်ရိုက်ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။

၂။         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းနှင့် စိတ္တသုခကမ္မဌာန်းတိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသော ပြည်သူများကို ကြည့်ရှုအားပေးပြီး လတ်တလော စားသုံးရန်အတွက် (၁)ပါတ်စာ ရိက္ခာဖိုးငွေကို ထောက်ပံ့ပေးအပ်ကာ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲခရိုင်များရှိ မြို့နယ်(၁၁)မြို့နယ်တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်(၃၄၆.၆)သိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ် ၀န်ကြီးချုပ်က လက်ခံရယူပါသည်။ မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မောင်တောဒေသတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိပြီး အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နေရပ်စွန့်နေထိုင်သူများ၏ စခန်းများတွင်လည်း ပျက်စီးမှုများကို စနစ်တကျ စိစစ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source :  MSWRR

Sign Up

Upcoming Events