ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ၊ပေါက်တောမြို့၊ ရပ်ကွက်(၃) ၌ (၁၇-၅-၂၀၁၇) ရက် (၀၈း၃၀)နာရီတွင် မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရလူနာ(၁၆) ဦးတို့အား တစ်ဦးလျင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၈၀၀,၀၀၀) ကျပ်တို့အား (၁၈-၅-၂၀၁၇) ရက်တွင် သွားေရောက်ထောက်ပံ့ပေးပြီးဖြစ်ပါသည်။ (၂၆-၅-၂၀၁၇) ရက်နေ့ ထပ်မံရရှိသော သတင်းများအရ အဆိုပါ ဒဏ်ရာရလူနာ (၁၆) ဦးမှ (၁) ဦးမှာ သေဆုံးသွားပါသဖြင့် အဆိုပါ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၂၅၀,၀၀၀) ကျပ်အား စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ထပ်မံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events