မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် (၃၀.၅.၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့ရာ အိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်(၂၅)လုံး အမိုးလန်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၂၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၁,၂၅၂,၀၀၀/-)ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၅)အိမ်ထောင်စုစာတို့အား (၃၁-၅-၂၀၁၇)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)