Category Archives: News
-
ဟိုင်းကြီးကျွန်းမြို့အတွင်းရှိကျေးရွာများသို့ ကြွက်ဝမ်းဖြူများဝင်ရောက်မှုအပေါ် ကွင်းဆင်းစစ်ဆေးမှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများသို့ ကြွက်ဝမ်းဖြူများ ဝင်ရောက်လာမှုအား (၇-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း၍ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ကံချိုင်ကျေးရွာများရှိ ပြည်သူလူထုများအား သက်ဆိုင်ရာဌာနများမှ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေး ဗီနိုင်းများကပ်၍ … Read more
-
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်များအား ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမြိုင်အေးကျေးရွာအုပ်စုနှင့် ချောင်းဇောက်ကျေးရွာအုပ်စု တို့တွင် (၂၄-၅-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၁)လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်သွားသောအိမ်ခြေများမှ မိသားစုများအတွက် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက် ထောက်ပံ့ခဲ့ရာ အိမ်ထောင်စု(၁၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၇၄၅၀၀) ကျပ်ကို ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၇-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွါးသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မနောသုခ ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းကို (၅-၆-၂၀၁၇) ရက်နေ့မှ (၇-၆-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလမှာ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၆-၂၀၁၇) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာအတွင်းရှိ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးပတ်သက်သည့် ရှောင်ရန်ဆောင်ရန်အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပေးအပ်ခြင်းနှင့် လေပြင်းကြိုတင်ကာကွယ်ရေးပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် (၇-၆-၂၀၁၇)ရက်နေ့က ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ကြက်ခြေနီအသင်းနှင့် ဘိုကလေးမြို့အခြေပြု INGOs, NGOs များနှင့် ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဘိုကလေးမြို့ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့နှင့် အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုတို့တွင် ပိုမို အားကောင်းစေရန် ကျင်းပခြင်းဖြစ်ပြီး တက်ရောက်သူဦးရေ(၈၅)ဦးရှိကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ကွမ်းအစ်ကုန်းအုပ်စု၊ ရေလည်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုများရှိ ကျေးရွာ (၈) ရွာတွင် (၃၁-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ထောင်စု (၁၀) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ ဘေးသင့်လူဦးရေ ( ၅၆ ) ဦးအတွက်ဆန်ရိက္ခာဖိုး (၁၁၇,၆၀၀ိ/-) ကျပ်နှင့် မိုးကြိုးထိမှန်သေဆုံးပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် လက်ပန်ခြေပေါ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာရှိ အိမ်ခြေ (၉၀) လုံး၊ အိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၄၄၅) ဦးတို့ အတွက် (၁) အိမ်လျှင်သောက်ရေသန့် (၂၀) လီတာဘူး (၃) ဘူးနှုန်းဖြင့် အိမ်ခြေ (၉၀) စာ သောက်ရေသန့် (၂၇၀) ဘူး၊ စုစုပေါင်းတန်ဖိုးငွေ (၈၁,၀၀၀) ကျပ်တို့အား (၆.၆.၂၀၁၇) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထန်းတပင်မြို့နယ်တွင် မိုးကြိုးထိမှန်သေဆုံးသူ၏ မိသားစုဝင်များအားထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ချောင်စုကျေးရွာတွင် နေထိုင်သော ဦးသောင်းအေး (ဘ)ဦးထေထေ အသက်(၅၇)နှစ်သည် လယ်ထွန်နေစဉ် မိုးကြိုးထိမှန် ၍သေဆုံးခဲ့သောကြောင့် သေဆုံးသူ၏ သမီးဖြစ်သူ မနီနီနန်းခိုင်အား သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၆-၆-၂၀၁၇)ရက်နေ့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၆-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ် လက်ပန်ခြေပေါ်ကျေးရွာအုပ်စု ရွှေပြည်သာကျေးရွာ ရှိ အိမ်ခြေ (၉၀) လုံးအိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၄၄၅) ဦးတို့အတွက် (၁) အိမ်လျှင် သောက်ရေ သန့် (၂၀)လီတာ (၃)ဘူး နှုန်းဖြင့်အိမ်ခြေ (၉၀) စာ(၈၁၀၀၀ိ/)တန်ဖိုးရှိရေသန့် ဘူးစုစုပေါင်း (၂၇၀)ဘူးတို့ အား သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လှိုင်မြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောနေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် (၄-၆-၂၀၁၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်ပျက်စီးသွားသော ရပ်ကွက် (၁၊၂၊၃၊၄၊၅၊၆၊၇၊၉၊၁၀၊၁၁) တို့မှ အိမ်ခြေ(၁၉၁)လုံး၊ အိမ်ထောင်စု (၂၄၁)စု၊ လူဦးရေ (၁၃၇၃)ဦးတို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁)အိမ်လျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ခြေ(၁၉၁)လုံးစာ စုစုပေါင်း(၉၅၅၀၀၀၀)ကျပ်တို့ကို (၆-၆-၂၀၁၇)ရက်နေ့က ချောင်းဝဘုန်းတော်ကြီးကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









