
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများသို့ ကြွက်ဝမ်းဖြူများ ဝင်ရောက်လာမှုအား (၇-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း၍ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ကံချိုင်ကျေးရွာများရှိ ပြည်သူလူထုများအား သက်ဆိုင်ရာဌာနများမှ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၄င်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေး ဗီနိုင်းများကပ်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၄-၆-၂၀၁၇) ရက်နေ့မှ (၇-၆-၂၀၁၇) ရက်နေ့အထိ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအတွင်းရှိ ဇီးချိုင်၊ ရွာသစ်ကုန်း၊ ရဲကျွန်းကုန်း၊ သံကြိုးလမ်း၊ ရွာသစ်၊ အထက်စု၊ ကံချိုင်၊ ကညင်ချောင်းတောင်၊ ခမောက်မော်၊ ရေနောက်အိုင်၊ ကမ်းသာယာနှင့် ကြာကန်ကျေးရွာများသို့ ဝင်ရောက်လာသည့် ကြွက်ကောင်ရေစုစုပေါင်း (၅၇၃၀) ကောင်အား နှိမ်နင်းထားရှိပြီးဖြစ်ပါကြောင်း ငပုတောကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)