ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၆-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ် လက်ပန်ခြေပေါ်ကျေးရွာအုပ်စု ရွှေပြည်သာကျေးရွာ ရှိ အိမ်ခြေ (၉၀) လုံးအိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၄၄၅) ဦးတို့အတွက် (၁) အိမ်လျှင် သောက်ရေ သန့် (၂၀)လီတာ (၃)ဘူး နှုန်းဖြင့်အိမ်ခြေ (၉၀) စာ(၈၁၀၀၀ိ/)တန်ဖိုးရှိရေသန့် ဘူးစုစုပေါင်း (၂၇၀)ဘူးတို့ အား သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)