Category Archives: News
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် (၆-၆-၂၀၁၇) ရက်နေ့မှ (၉-၆-၂၀၁၇) ရက်နေ့အတွင်း ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ (၆) လုံး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၃) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၄၈၃၀၀/-) ကျပ်တို့အား ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသိ့ု (၁၃-၆-၂၀၁၇) … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ပေါက်လေးပင်ကျေးရွာအုပ်စု ပေါက်လေးပင်ကျေးရွာ လက်ပံဦးကျေးရွာ ဆင်ပွတ်ကျေးရွာနှင့် မြေခြားကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၉-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ (၆၂) လုံး အိမ်ထောင်စု (၆၂) စု လူဦးရေ (၂၆၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၅၂၃၀၀/-) ကျပ်အား စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ (၁၂-၆-၂၀၁၇) … Read more
-
လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး Online တွင် ပိုမိုချိတ်ဆက်မှုအားကောင်းရေး၊ လှုပ်ရှားမှုများ အားလုံးသိရှိနိုင်ရန်အတွက် အဖွဲ့စနစ်ထူထောင်ပြီး ကျရောက်လာနိုင်မည့် သဘာဝဘေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးများအား အဖွဲ့များမှ ပါဝင်ဆွေးနွေးခဲ့ကြပါကြောင်းနှင့် အဆိုပါ တွေ့ဆုံပွဲသို့ လူမှုရေးအသင်းအဖွဲ့များမှ (၂၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင်ကျိုင်းတုံမြို့နယ်၊ အမှတ်( ၄ )အခြေခံပညာအထက် တန်းကျောင်းတွင် ဆရာ ဆရာမ ၊ကျောင်းသား၊ ကျောင်းသူ (၁၈၅) ဦးအား သဘာဝဘေးအသိ ပညာပေး ဟောပြောခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု ကြူတော (အလယ်) ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၇-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၂၃) လုံး အိမ်ထောင်စု (၂၃) စု လူဦးရေ (၁၀၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၂၂၆၀၀) … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ပန်ဟိုက်ရပ်ကွက် နယ်မြေ (၅) ပြန်ဆက်ရုံးရှေ့နှင့် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၄) စည်ပင်သာယာစျေးအနီး ဗိုလ်ချုပ်လမ်းရှေ့တို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် မြေစိုက်ဗီနိုင်းများအား (၉-၆-၂၀၁၇) ရက်နေ့တွင် စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကံသာယာကျေးရွာနှင့် နန်းစောင်းပုကျေးရွာတို့၌ (၇-၆-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် အမိုးလန်နေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၆) အိမ်ထောင်စာတို့အား (၁၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) စုမှ လုံးဝပြိုကျအိမ် (၁၂၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၃၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၄၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၁၆၀,၀၀၀) ကျပ် စုစုပေါင်း (၁၈,၄၆၀,၀၀၀) ကျပ်တို့အား ( ၁၁-၆-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ လုံးဝပြိုကျအိမ် (၈၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၆၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၃၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀) ကျပ် စုစုပေါင်း (၆,၁၆၀,၀၀၀) ကျပ်တို့အား (၁၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် OCHA အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၆-၂၀၁၇) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီး၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ ပြည်နယ် နယ်လုံဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် (၂၂) ဦးနှင့် (NGOs,INGOs,CSOs) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၆၀)ဦး၊ စုစုပေါင်း(၈၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









