ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု ကြူတော (အလယ်) ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၇-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၂၃) လုံး အိမ်ထောင်စု (၂၃) စု လူဦးရေ (၁၀၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၂၂၆၀၀) ကျပ်တို့အား စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် (၁၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)