ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ လုံးဝပြိုကျအိမ် (၈၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၆၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၃၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀) ကျပ် စုစုပေါင်း (၆,၁၆၀,၀၀၀) ကျပ်တို့အား (၁၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)