ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) စုမှ လုံးဝပြိုကျအိမ် (၁၂၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၃၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၄၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၁၆၀,၀၀၀) ကျပ် စုစုပေါင်း (၁၈,၄၆၀,၀၀၀) ကျပ်တို့အား ( ၁၁-၆-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)